စစ်တွေမှ မောင်တောနေရပ်ပြန် အိမ်ထောင်စု (၃၄) စုမှ လူဦးရေ (၁၀၈) ဦးအား မူလနေရပ်သို့ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ထောက်ပံ့ပေးမှုသတင်း

 

27_pic01 27_pic03 27_pic02

(၂၆-၁၀-၂၀၁၆) ရက်နေ့၊ နံနက် (၇) နာရီအချိန်တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် စစ်တွေမှ မောင်တောနေရပ်ပြန် အိမ်ထောင်စု (၃၄) စုမှ လူဦးရေ (၁၀၈) ဦးအား မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန်အတွက် စစ်တွေဆိပ်ကမ်းမှ ဘူးသီးတောင်မြို့သို့ ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် ပို့ဆောင်ပေးသည့်အပြင် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၃၄) စုစာ ထောက်ပံ့ပေးခဲ့ပါသည်။ အဆိုပါနေရပ်ပြန်ပြည်သူများသည် ဘူးသီးတောင်မြို့အမြန်ယာဉ်ဆိပ်ကမ်းသို့ (၁၃:၁၅) နာရီအချိန်တွင် ရောက်ရှိခဲ့ရာ မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ၊ ဘူးသီးတောင်မြို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ယင်းနေ့ (၁၃:၅၀) နာရီအချိန်တွင် မော်တော်ကား (၂) စီးဖြင့် မောင်တောမြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events