မောင်တောမြို့နယ်မှ နေရပ်ခေတ္တစွန့်ခွာလာသည့် ပြည်သူများအားထောက်ပံ့ပို့ဆောင်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မောင်တောမြို့နယ်မှ နေရပ်ခေတ္တစွန့်ခွာလာသူများအား ယာယီထားရှိရာ စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းရောက် အိမ်ထောင်စု (၅၀)စု၊ လူဦးရေ (၁၄၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးအား (၂၉-၁၀-၂၀၁၆)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး မလိခအမြန်ရေယာဉ်ဖြင့် မိမိနေရပ် ဒေသသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events