ချောက်မြို့နယ်အတွင်း မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

(၂၇-၁၀-၂၀၁၆) ရက်နေ့တွင်  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးခရိုင်၊ ချောက်မြို့နယ်၊  ညောင်ဇင်ကျေးရွာ၌ (၂၇-၁၀-၂၀၁၆) ရက်နေ့၊ (၁၂:၃၀) နာရီတွင် ဦးသိန်းဝင်း နေအိမ်ရှိ တီဗွီအင်တနာတိုင်အား မိုးကြိုးပစ်ခတ်ရာ နေအိမ်အနီးဖြတ်သန်းသွားလာသော ကိုဖြိုးအောင်ဝေ အသက် (၂၉)နှစ် (ဘ) ဦးဖိုးတင်ဝင်းအား ထိမှန်သေဆုံးခဲ့ပါသည်။ ထိုမိုးကြိုးထိမှန်သေဆုံးသူ အတွက် မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုးမှ ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events