(၂၅-၁၀-၂၀၁၆)ရက်နေ့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မောင်တောနေရပ်ပြန် အိမ်ထောင်စု (၁၉)စုမှ ကျား (၄၀)ဦး၊ မ (၃၈)ဦး၊ စုစုပေါင်း လူဦးရေ (၇၈)ဦးအား (၁၄:၁၅)နာရီအချိန်တွင် မလိခအမြန်ရေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကာ အိမ်ထောင်စု (၁၉)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁၉)အိမ်ထောင်စာအား (၂၅-၁၀-၂၀၁၆)ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source : မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)