Category Archives: News
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား (၉-၁၂-၂၀၁၆) နံနက် (၉)နာရီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုစောင့်ကြည့်ရေးနှင့်တိုက်ဖျက်ရေးရုံးမှ H.E. Ms. Susan Coppedge နှင့် အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel လိုက်ပါလျက် အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသောလူကုန်ကူးခံရသူများအား ပြန်လည်ခေါ်ယူရေးလုပ်ငန်းများ၊ ယာယီစောင့်ရှောက်ရေး ဌာနများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူစောင့်ရှောက်မှုများ၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေး နှင့်နောက်ဆက်တွဲ စောင့်ရှောက်မှု … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကော့သောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား/သူ ဦးရေ (၄၀၀)ကျော်အား (၈-၁၂-၂၀၁၆) ရက်နေ့က ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ) နှင့် မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်အား တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူက လာရောက်တွေ့ဆုံမှုသတင်း
Source: MSWRR နေပြည်တော်၊ ဒီဇင်ဘာလ(၈) လူမှုဝန်ထမ်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်အား တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Liu Wei ဦးဆောင်သောအဖွဲ့မှ ယနေ့နံနက် (၉) နာရီတွင် အဆိုပါ ဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်ဧည့်ခန်း၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ် တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကူညီ ထောက်ပံ့မှုများ၊ တရုတ်-မြန်မာယဉ်ကျေးမှု၊ လူမှုရေးဖလှယ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဗုဒ္ဓဘာသာ ဆရာတော် အရှင်သူမြတ်များမြန်မာနိုင်ငံသို့လာရောက်၍ ပရဟိတလုပ်ငန်းများဆောင်ရွက်ရေးကိစ္စများ၊ တရုတ်နိုင်ငံမှ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများမှ မြန်မာနိုင်ငံတွင် ပရဟိတလုပ်ငန်းများအလှူအတန်းလုပ်ဆောင်နိုင်ရန်အတွက် … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ပုဗ္ဗသီရိမြို့နယ်၊ အ.ထ.က (၂၀) ၌ကျောင်းသားကျောင်းသူ (၄၅၀) ဦးအား (၈-၁၂-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုမြေ ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဥတ္တရသီရိမြို့နယ်၊ အ.ထ.က (၁၂) ၌ကျောင်းသားကျောင်းသူ (၂၀၀) ဦးအား (၇-၁၂-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) ကော့သောင်းခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးဆောင်ကာ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် အထက်တန်း ကျောင်း၌ (၇-၁၂-၂၀၁၆) ရက်နေ့တွင် သဘာဝဘေးအသိပညာများဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမအပါအဝင် ကျောင်းသား၊ ကျောင်းသူ ပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော လက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရန် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပမှုသတင်း
ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂနှင့်နိုင်ငံတကာ အသင်းအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းများအဆင်ပြေ ချောမွေ့စေရန်အတွက် ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်ရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေး ပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းများနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ လူမှုအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင်မြို့မိမြို့ဖများ တက်ရောက်ခဲ့ပါ သည်။ ပထမဦးစွာ ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းရေး … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်အား ရန်ကုန်မြို့ရှိ သြစတြေးလျသံရုံးမှ ဒုတိယသံရုံးအကြီးအကဲ Mr. Jeremy Kruse မှ လာရောက် တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်အား ရန်ကုန်မြို့ရှိ သြစတြေးလျသံရုံးမှ ဒုတိယသံရုံးအကြီးအကဲ Mr. Jeremy Kruse မှ (၇-၁၂-၂၀၁၆) ရက်နေ့တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များစခန်းမှ ဒုက္ခသည်များပြန်လည်ပို့ဆောင်ရေး ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ၂၀၁၆ ခုနှစ် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက်လေ့ကျင့်ခန်းအလုပ်ရုံဆွေးနွေးပွဲနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မှုသတင်း
၂၀၁၆ ခုနှစ် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက် လေ့ကျင့်ခန်းအလုပ်ရုံဆွေးနွေးပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ Hilton Hotel တွင် ဒီဇင်ဘာလ (၆) ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel မှ အမှာစကားပြောကြားခဲ့ပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Scot Marciel၊ အမေရိကန်စစ်တပ် အာရှပစိဖိတ်ကွပ်ကဲရေးဌာနချုပ်မှ ဗိုလ်မှူးကြီး … Read more
-
ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
(၆-၁၂-၂၀၁၆)ရက်နေ့တွင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ ရှိ အထက (၅) အောင်ပန်းမြို့တွင် ဆရာ/မ ကျောင်းသား/သူ (၂၅၀)ဦးတို့အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝ ဘေးအသိပညာပေးဗွီဒီယိုပြသခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။









