ကော့သောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား/သူ ဦးရေ (၄၀၀)ကျော်အား (၈-၁၂-၂၀၁၆) ရက်နေ့က ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ) နှင့် မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။