လူမှုဝန်ထမ်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်အား တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူက လာရောက်တွေ့ဆုံမှုသတင်း

Source:  MSWRR

နေပြည်တော်၊ ဒီဇင်ဘာလ(၈)

လူမှုဝန်ထမ်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်အား တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Liu Wei ဦးဆောင်သောအဖွဲ့မှ ယနေ့နံနက် (၉) နာရီတွင် အဆိုပါ ဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်ဧည့်ခန်း၌ လာရောက်တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ် တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကူညီ ထောက်ပံ့မှုများ၊ တရုတ်-မြန်မာယဉ်ကျေးမှု၊ လူမှုရေးဖလှယ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဗုဒ္ဓဘာသာ ဆရာတော် အရှင်သူမြတ်များမြန်မာနိုင်ငံသို့လာရောက်၍ ပရဟိတလုပ်ငန်းများဆောင်ရွက်ရေးကိစ္စများ၊ တရုတ်နိုင်ငံမှ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများမှ မြန်မာနိုင်ငံတွင် ပရဟိတလုပ်ငန်းများအလှူအတန်းလုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံပြည်သူတို့ လက်ရှိလိုအပ်နေသည့်  အကူအညီများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events