Category Archives: News
-
DAN Mobile Application ဖြန့်ဝေဆောင်ရွက်နေမှုသတင်း
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၇) နေ့တွင် ဟင်္သာတမြို့ပေါ်ရှိ ဖုန်းဆိုင်များတွင် DAN mobile application ကိုထည့်သွင်းမိတ်ဆက်ပေးပြီး ဖုန်းဝယ်သူများနှင့် ဖုန်း software ထည့်သွင်းသူများကို အဆိုပါ application အား ထည့်သွင်းရှင်းပြရန်နှင့် ဖြန့်ဖြူးပေးရန် တိုက်တွန်းခြင်း၊ စတစ်ကာများ လိုက်လံကပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
-
မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်းများနှင့် နံရံကပ်ပိုစတာများလိုက်လံဝေငှ၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၁၇) ၊ လွတ်လပ်ရေးနေ့တွင် ဖျာပုံမြို့၊ လွတ်လပ်ရေးစျေးပွဲတော်၌ စျေးဆိုင်ခန်းများ၊ မီးအသုံးပြုသူများ၊ စျေးသူ/စျေးသားများ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများအား လိုက်လံဝေငှ၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
DAN Mobile Application ထည့်ပေးခြင်းနှင့် စတစ်ကာများ ကပ်ပေးခြင်းတို့ ဆောင်ရွက်ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃-၁-၂၀၁၇) ရက်နေ့တွင် မြောင်းမြမြို့ဖုန်းဆိုင်များ၊ မြေစာရင်း၊ စိုက်ပျိုးရေး၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြန်ကြားရေး၊ စာရင်းစစ်ရုံး၊ ပညာရေး၊ ရဲစခန်း၊ ပို့ဆက်နှင့် မီးသတ်ဌာနများသို့ သွားရောက်၍ ပြည်သူများ သဘာဝဘေး၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် DAN Mobile Application ထည့်ပေးခြင်းနှင့် စတစ်ကာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြေင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လပွတ္တာမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းပြမှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂-၁-၂၀၁၇) ရက်နေ့နှင့် (၃-၁-၂၀၁၇) ရက်နေ့တို့တွင် လပွတ္တာမြို့ရှိ ဖုန်းဆိုင်များတွင် ပြည်သူများသဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်များကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန်အတွက် ဖုန်း အရောင်းဆိုင်များတွင် DAN Mobile Application များကိုဖြန့်ဝေပေးခြင်း Application အသုံးပြု နည်း များအား ဖြန့်ဝေပေးခြင်းနှင့် DAN mobile Application ရယူအသုံးပြုပုံ ကြော်ငြာစတစ်ကာများအား ဖုန်းအရောင်းဆိုင်များတွင် ကပ်၍ဖြန်ဝေပေးခြင်းတို့ကို လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
နေ့စဉ်မိုးလေဝသ သတင်း
(၁) သတင်းအမှတ်စဉ် နေ့စဉ်မိုးလေဝသ သတင်း (၂) ထုတ်ပြန်သည့်အဖွဲ့အစည်း၊ နေ့ရက်၊ အချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၃-၁-၂၀၁၇)၊ (၁၆း၀၀)နာရီ ထုတ်ပြန်ချက် (၃) လက်ရှိမိုးလေဝသအခြေအနေ မြန်မာစံတော်ချိန် (၁၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး နောက်(၂၄)နာရီအတွင်းပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားပါသည်။ (၄) မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက် နေရာအနှံအပြား မိုးရွာသွန်းနိုင်သည့် ဒေသများ- နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် … Read more
-
KOBO Mobile Applicationနှင့်DAN Mobile Application များအသုံးပြုပုံပြုနည်းသင်တန်း ဖွင့်လှစ်ပြီးစီးခြင်း
သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်ကောက်ယူခြင်းနှင့် သတိပေးချက်များ ရရှိစေရန်အတွက် KOBO Mobile Applicationနှင့်DAN Mobile Application များအသုံးပြုပုံ ပြုနည်း ဆင့်ပွားသင်တန်းကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ (၃.၁.၂၀၁၇)ရက်နေ့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသားဦးရေ (၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source : ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မင်းမအရှေ့ရွာ မီးဘေးအတွက် ထောက်ပံ့ပြီးစီးမှု
ပုလဲမြို့နယ် မင်းမအရှေ့ရွာတွင် (၁-၁-၂၀၁၇)ရက်နေ့က ဖြစ်ပွားခဲ့သော မီးဘေးတွင် အိမ်(၁)လုံး မီးလောင်ခဲ့ရာ မီးဘေးသင့်အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ခေါက်ဆွဲခြောက် နှင့် family kits (၁)အိမ်ထောင်စာတို့အပြင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၃)ရက်စာ ငွေ (၅,၄၀၀/-)ကျပ် စုစုပေါင်း ငွေ (၅၅,၄၀၀/-)ကျပ်တို့အား (၃-၁-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပုလဲမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်၍ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့နယ်၊ ကံသာကြီးကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကံသာကြီးကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ရက် (၁၀၀) အလွန်ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော သဘာဝ ဘေးနှင့်စပ်လျဉ်းသည့်သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေး ဆောင် ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ် အရေးကြီးဖုန်းနံပါတ်နှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ … Read more
-
ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူးလုံကျေးရွာအနီး ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ (၂) ဦးအတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူးလုံကျေးရွာအနီး ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိ၍ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသရန်ရောက်ရှိနေသည့် လူနာ (၂) ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ငွေ (၅) သောင်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁) သိန်းကျပ်ကို လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက (၃-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ၊ ရှမ်းရွာပိုင်း၌ (၂-၁-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၂:၃၀) နာရီအချိန်တွင် ါယာရှော့ခ်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁) လုံးမီလောင်ကျွမ်းခဲ့ပြီး လူဦးရေ (၅) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ Family Kits (၂၀) မျိုးပါ (၁) အိတ်၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဘိုးငွေစုစုပေါင်း (၁၀၄၅၀၀) ကျပ်တိတိကို ပြည်နယ်ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ (၃-၂-၂၀၁၆) … Read more









