မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ၊ ရှမ်းရွာပိုင်း၌ (၂-၁-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၂:၃၀) နာရီအချိန်တွင် ါယာရှော့ခ်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၁) လုံးမီလောင်ကျွမ်းခဲ့ပြီး လူဦးရေ (၅) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ Family Kits (၂၀) မျိုးပါ (၁) အိတ်၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဘိုးငွေစုစုပေါင်း (၁၀၄၅၀၀) ကျပ်တိတိကို ပြည်နယ်ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ (၃-၂-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)