ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃-၁-၂၀၁၇) ရက်နေ့တွင် မြောင်းမြမြို့ဖုန်းဆိုင်များ၊ မြေစာရင်း၊ စိုက်ပျိုးရေး၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြန်ကြားရေး၊ စာရင်းစစ်ရုံး၊ ပညာရေး၊ ရဲစခန်း၊ ပို့ဆက်နှင့် မီးသတ်ဌာနများသို့ သွားရောက်၍ ပြည်သူများ သဘာဝဘေး၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် DAN Mobile Application ထည့်ပေးခြင်းနှင့် စတစ်ကာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မြေင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)