မကွေးမြို့နယ်၊ ကံသာကြီးကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

2

Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကံသာကြီးကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ရက် (၁၀၀) အလွန်ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော သဘာဝ ဘေးနှင့်စပ်လျဉ်းသည့်သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေး ဆောင် ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ် အရေးကြီးဖုန်းနံပါတ်နှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ ထည့်သွင်းထားသော Dan Mobile  Application အသုံးပြုပုံများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာသူ/ကျေးရွာသားများ၏  Mobile Phone များ၌ Dan Application အား ထည့်သွင်းပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/ကျေးရွာသား အင်အား (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

Sign Up

Upcoming Events