ပုလဲမြို့နယ် မင်းမအရှေ့ရွာတွင် (၁-၁-၂၀၁၇)ရက်နေ့က ဖြစ်ပွားခဲ့သော မီးဘေးတွင် အိမ်(၁)လုံး မီးလောင်ခဲ့ရာ မီးဘေးသင့်အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ခေါက်ဆွဲခြောက် နှင့် family kits (၁)အိမ်ထောင်စာတို့အပြင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၃)ရက်စာ ငွေ (၅,၄၀၀/-)ကျပ် စုစုပေါင်း ငွေ (၅၅,၄၀၀/-)ကျပ်တို့အား (၃-၁-၂၀၁၇)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပုလဲမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်၍ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source : စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)