(၁) သတင်းအမှတ်စဉ်
နေ့စဉ်မိုးလေဝသ သတင်း
(၂) ထုတ်ပြန်သည့်အဖွဲ့အစည်း၊ နေ့ရက်၊ အချိန်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၃-၁-၂၀၁၇)၊ (၁၆း၀၀)နာရီ ထုတ်ပြန်ချက်
(၃) လက်ရှိမိုးလေဝသအခြေအနေ
မြန်မာစံတော်ချိန် (၁၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး နောက်(၂၄)နာရီအတွင်းပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားပါသည်။
(၄) မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်
- နေရာအနှံအပြား မိုးရွာသွန်းနိုင်သည့် ဒေသများ- နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်
- နေရာစိပ်စိပ် မိုးရွာသွန်းနိုင်သည့် ဒေသများ- ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊
- နေရာကျဲကျဲ မိုးရွာသွန်းနိုင်သည့် ဒေသများ- စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊
- နေရာကွက်ကြား မိုးရွာသွန်းနိုင်သည့် ဒေသများ- တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊
(၅) ပင်လယ်ပြင် မိုးလေ၀သအခြေအနေခန့်မှန်းချက်
- မြစ်၀ကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတမ်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်
- မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်
- ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိနိုင်