Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့၊ စားသုံးသူရေးရာဦးစီးဌာန နှင့်ပူးပေါင်း၍ (၆- ၁ – ၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့၊ အမှတ် (၈) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ် (၅) အခြေခံပညာမူလတန်း ကျောင်းတို့ရှိ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမ စုစုပေါင်း (၂၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကျောက်စရစ်အရှေ့ပိုင်းကျေးရွာတွင် (၃-၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသည့် မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၃) ရက်စာ (၃၆၀၀) နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တို့အား (၆-၁-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရှေ့တန်းခမရ (၃၁၀)၊ ရှေ့တန်းရုံး (မြဝတီ) သို့ လက်နက်ချအလင်းဝင်ရောက်လာသော ကေကေအိုခွဲထွက်အဖွဲ့ အတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်ရိက္ခာများထောက်ပံ့မှုသတင်း
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရှေ့တန်းခမရ (၃၁၀)၊ ရှေ့တန်းရုံး (မြဝတီ) သို့ လက်နက်ချအလင်းဝင်ရောက်လာသော ကေကေအိုခွဲထွက်အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ ဦးဝင်းဇော် ခေါင်းဆောင်သော (၇) ဦးတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ မြဝတီမြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး၌ ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုးပါအိမ်ထောင်စု (၇) စု စာနှင့် ဆန်ရိက္ခာ (၇) ရက်စာတို့အား (၅-၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ရာ စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့မှ ဗိုလ်ကြီးကျော်စိုးသက်က ကိုယ်စားလက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
DAN Mobile Application အသိပညာပေးဖြန့်ဝေဆောင်ရွက်နေမှုသတင်း
(၆-၁-၂၀၁၆) ရက်နေ့၊ ဖျာပုံခရိုင် ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့အတွင်း Mobile phone ဆိုင်များ၌ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး DAN mobile application နှင့်ပတ်သက်၍ ဖြန့်ဝေအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့၊ စားသုံးသူရေးရာဦးစီး ဌာနနှင့် ပူးပေါင်း၍ (၅-၁-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် အမှတ် (၂) အခြေခံပညာ မူလတန်းလွန်ကျောင်းတို့ရှိ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမ စုစုပေါင်း (၃၈၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီမှူးရုံး (ကဆရ)
-
စစ်မှန်ပြီးလက်တွေ့ကျတဲ့ လူငယ်မူဝါဒတစ်ရပ်ပေါ်ထွန်းလာစေရေးလူငယ်များ ကိုယ်တိုင်ပါဝင်ရေးဆွဲရမှာဖြစ်ကြောင်း
ပြည်သူ့အစိုးရအဖွဲ့သစ်အနေနဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဥပဒေနှင့်အညီ ပြည်သူကို အကာအကွယ်ပေးနိုင်တဲ့အုပ်ချုပ်စီမံမှုစနစ်ပေါ်ပေါက်ရေး၊ တိုင်းရင်းသားအားလုံးစုစည်းပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးနှင့် ပြည်သူအားလုံးလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်လာရေးကိုဆောင်ရွက်လျှက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မွေးကင်းစမှ သက်ကြီးရွယ်အိုအထိလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ ကာကွယ်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပြည်သူနဲ့ အနီးစပ်ဆုံးနေပြီးပြည်သူယုံကြည်မှုရရှိအောင် လုပ်ငန်းများအား ဥပဒေ၊ နည်း ဥပဒေများ၊ မူဝါဒများနှင့်အညီအစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့်ပြည်သူများပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးပြည်နယ်အတွင်းရှိလူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကွန်ယက်တစ်ခုထူ ထောင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲတွင် … Read more
-
DAN Mobile Application နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုသတင်း
(၅-၁-၂၀၁၆) ရက်နေ့၊ မြောင်းမြခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်ထွေအုပ် ပြန်ဆက်စိုက်ပျိုးရေးဌာနများနှင့် ဖုန်းဆိုင်များသို့သွားရောက်၍ DAN mobile application အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ ထည့်သွင်း ပေးခြင်းနှင့် စတေကာများကပ်ပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီမှူးရုံး (ကဆရ)
-
DAN Mobile Application နှင့် KOBO Mobile application အသုံးပြုပုံ ဆင့်ပွားသင်တန်း ဆောင်ရွက်နေမှုသတင်း
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး၌ ဌာနဆိုင်ရာများဖိတ်ကြားပြီး DAN Mobile application နှင့် KOBO Mobile application အသုံးပြုပုံ ဆင့်ပွားသင်တန်း ဆောင်ရွက်ခဲ့ရာ ဌာနဆိုင်ရာ (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု၊ ဆားမလောက်ကျေးရွာတွင် (၄-၁-၂၀၁၇) ရက်နေ့ နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းခဲ့သည့်နေအိမ် (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စုမှ လူဦးရေ (၅၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၂၃၉၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၆၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၃၈၃၉၀၀/-) အား (၄-၁-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်/လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးခရီးစဉ်တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း၊ … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်တွင် (၂၀-၁၂-၂၀၁၆) ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေး၌ ဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁၄) ဦးတို့အတွက် ကဆရပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၃) ရက်စာ (၁၂၆၀၀/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) အား ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









