မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်တွင် (၂၀-၁၂-၂၀၁၆) ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေး၌ ဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁၄) ဦးတို့အတွက် ကဆရပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၃) ရက်စာ (၁၂၆၀၀/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) အား ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)