ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

2 3

ဧရာ၀တီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု၊ ဆားမလောက်ကျေးရွာတွင် (၄-၁-၂၀၁၇) ရက်နေ့ နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းခဲ့သည့်နေအိမ် (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စုမှ လူဦးရေ (၅၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာ  (၁၂၃၉၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၆၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၃၈၃၉၀၀/-) အား (၄-၁-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်/လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးခရီးစဉ်တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးတို့နှင့်အတူ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)၊ ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းတို့မှ ကမ်းပြိုဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားခြင်းနှင့် လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events