ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့၊ စားသုံးသူရေးရာဦးစီး ဌာနနှင့် ပူးပေါင်း၍ (၅-၁-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် အမှတ် (၂) အခြေခံပညာ မူလတန်းလွန်ကျောင်းတို့ရှိ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမ စုစုပေါင်း (၃၈၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီမှူးရုံး (ကဆရ)