ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရှေ့တန်းခမရ (၃၁၀)၊ ရှေ့တန်းရုံး (မြဝတီ) သို့ လက်နက်ချအလင်းဝင်ရောက်လာသော ကေကေအိုခွဲထွက်အဖွဲ့ အတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်ရိက္ခာများထောက်ပံ့မှုသတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရှေ့တန်းခမရ (၃၁၀)၊ ရှေ့တန်းရုံး (မြဝတီ) သို့ လက်နက်ချအလင်းဝင်ရောက်လာသော ကေကေအိုခွဲထွက်အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ ဦးဝင်းဇော် ခေါင်းဆောင်သော (၇) ဦးတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ မြဝတီမြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး၌ ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုးပါအိမ်ထောင်စု (၇) စု စာနှင့် ဆန်ရိက္ခာ (၇) ရက်စာတို့အား (၅-၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ရာ စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့မှ ဗိုလ်ကြီးကျော်စိုးသက်က ကိုယ်စားလက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  မြဝတီခရိုင်ဦးစီမှူးရုံး (ကဆရ)

Sign Up

Upcoming Events