Category Archives: News
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ရှိ ပြည်သူများအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါး ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကို (၂၄-၁-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ကသာမြို့နယ်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာခွဲ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၇၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဗဟိုအဆင့် မြေငလျင်ဘေး လျော့ပါးရေးအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်မည့်အလုပ်ရုံဆွေးနွေးမှုသတင်း
နေပြည်တော်၊ ၂၀၁၇၊ ဇန်နဝါရီလ၊(၂၄) ငလျင်ဘေးဒဏ်ခံနိုင်သော မြန်မာနိုင်ငံဖြစ်ရန်လိုအပ်ချက်နှင့် စိန်ခေါ်မှုများအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel၌ကျင်းပပြု လုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ မိမိတို့နိုင်ငံဟာ ကမ္ဘာ့အဓိကငလျင်ကြောကြီး ဖြစ် တဲ့ အယ်လ်ပိုက် ငလျင်ကြောတွင် ကျရောက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ငလျင်လှုပ်စေသော ပြတ်ရွေ့များရှိနေပြီး ငလျင်ဘေး ရဲ့ဖျက်စီးနိုင်မှုစွမ်းအားဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုများကို ရပ်တန့်သွားစေနိုင်ကြောင်း၊ ပြည်သူအတွက် တိုက်ရိုက်အကျိုးရှိမယ့် ကြိုတင်ပြင်ဆင်မှု၊ ကာကွယ်မှုတွေကို လက်တွေ့ကျကျနဲ့ဆောင်ရွက်နိုင်ရေး ဗဟိုအဆင့်မြေငလျင်ဘေးလျော့ပါးရေးအဖွဲ့အစည်း … Read more
-
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များနှင့် လူစည်ကားသည့် နေရာများ၌ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာ နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ်၊ အရေးကြီး ဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application နှင့် DAN … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၁၇) အား (၂၄-၁-၂၀၁၇) ရက်နေ့တွင် အဖျောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းနှင့် မြို့အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်း သို့ တက်ရောက်သူဦးရေ (၃၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်၊ မင်းလှကျွန်းကျေးရွာအုပ်စု၊ ပျော်ဘွယ်ကျေးရွာတွင် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်၊ မင်းလှကျွန်းကျေးရွာအုပ်စု၊ ပျော်ဘွယ်ကျေးရွာတွင် ဖြစ်ပွားသော မီဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၈,၁၀၀) ကျပ်တို့အား (၂၄-၁-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင် ၊ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာအုပ်စု၊ မြို့ရိုးကျေးရွာတွင် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာအုပ်စု၊ မြို့ရိုးကျေးရွာတွင်ဖြစ်ပွားသော မီးဘေးသင့်အိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၃,၆၀၀) ကျပ်၊ စုစုပေါင်း (၁၀၃,၆၀၀) ကျပ်အား (၂၄-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ် ၊ ကလောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား မိုဘိုင်း ဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကလောမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့်နေရာများ၌ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန် သတင်းများနှင့်အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့် နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application … Read more
-
နည်းပညာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဝဏ်လွှာ Letter of Intent (LOI) for Technical Cooperation လက်မှတ်ရေးထိုးပွဲ ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ International Rescue Committee နှင့် Khon Khen University, Thailand တို့အကြား နည်းပညာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဝဏ်လွှာ Letter of Intent (LOI) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို (၂၃-၁-၂၀၁၇) ရက်နေ့ (၁ဝး၃၀) အချိန်တွင် EOC အဆောက်အအုံအသစ် အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ၊ International Rescue Committee နှင့် Khon Khen University, Thailand တို့မှ … Read more
-
ကျိုင်းတုံမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် သဘာဝဘေးအန္တရာယ်ကြိုတင် သတိပေး DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၇) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် သဘာဝ ဘေးနှင့်စပ်လျဉ်းသည့်ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသ သတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ် နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့် နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေးလက်ကမ်း စာစောင်များထည့်သွင်းထားသော DAN Mobile Application များအား ရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Sticker ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး … Read more
-
မြောက်ဦးမြို့၊ ညောင်ပင်စျေးရပ်ကွက်၊ ကြက်စျေးရပ်ရှိ မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၇) ရက်နေ့၌ မြောက်ဦးမြို့၊ ညောင်ပင်စျေးရပ်ကွက်၊ ကြက်စျေးရပ်တွင် ဖြစ်ပွားသော မီးဘေးသင့် အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ၊ ဆန်ရိက္ခာ (၃) ရက်စာဖိုး (၁၄၄၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-) ကျပ်တို့အား(၂၃-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)









