ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၁၇) အား (၂၄-၁-၂၀၁၇) ရက်နေ့တွင် အဖျောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းနှင့် မြို့အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်း သို့ တက်ရောက်သူဦးရေ (၃၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)