နေပြည်တော်၊ ၂၀၁၇၊ ဇန်နဝါရီလ၊(၂၄)
ငလျင်ဘေးဒဏ်ခံနိုင်သော မြန်မာနိုင်ငံဖြစ်ရန်လိုအပ်ချက်နှင့် စိန်ခေါ်မှုများအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel၌ကျင်းပပြု လုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ မိမိတို့နိုင်ငံဟာ ကမ္ဘာ့အဓိကငလျင်ကြောကြီး ဖြစ် တဲ့ အယ်လ်ပိုက် ငလျင်ကြောတွင် ကျရောက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ငလျင်လှုပ်စေသော ပြတ်ရွေ့များရှိနေပြီး ငလျင်ဘေး ရဲ့ဖျက်စီးနိုင်မှုစွမ်းအားဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုများကို ရပ်တန့်သွားစေနိုင်ကြောင်း၊ ပြည်သူအတွက် တိုက်ရိုက်အကျိုးရှိမယ့် ကြိုတင်ပြင်ဆင်မှု၊ ကာကွယ်မှုတွေကို လက်တွေ့ကျကျနဲ့ဆောင်ရွက်နိုင်ရေး ဗဟိုအဆင့်မြေငလျင်ဘေးလျော့ပါးရေးအဖွဲ့အစည်း တစ်ရပ်ဖွဲ့စည်းသွားရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွဲ့စည်းမယ့်အဖွဲ့ရဲ့အမည်၊ ဖွဲ့စည်းသင့်တဲ့ဖွဲ့စည်းပုံစံ၊ ပါဝင်သင့်တဲ့ဌာန၊ အဖွဲ့အစည်း၊ ပညာရှင်များ၊ ဦးစီးဆောင်ရွက်မယ့်ဌာန၊ လုပ်ငန်းတာဝန်၊ ငွေကြေးရရှိသုံးစွဲမှု၊ ဖွဲ့စည်းတည်ထောင်မယ့်နေရာနဲ့ အုပ်ချုပ်စီမံဆောင်ရွက်မှုစနစ်များကို ဆွေးနွေးဖော်ထုတ်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂ ကွန်ဗင်းရှင်း (United Nations Convention on the Elimination of all Forms of Discrimination Against Women-UNCEDAW) ကော်မတီက ပေးပို့လာသော Concluding Observations များအား အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန် အစပြုဆွေးနွေးပွဲကို အဆိုပါ ဟိုတယ်၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက UNCEDAW စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်တာနှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးနှင့်ဘဝဖွံ့ဖြိုးရေး၊ ခွဲခြားဆက်ဆံမှုနှင့်အကြမ်းဖက်ခံရမှုများမရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိ တို့နိုင်ငံမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် တင်သွင်းသည့်စတုတ္ထနှင့်ပဥ္စစအကြိမ် ပူးတွဲအစီခံစာနှင့် စပ်လျဥ်း၍ UNCEDAW ကော်မတီက အကြံပြုချက် (၅၆) ချက် ပေးပို့လာခြင်းအပေါ် (၂) နှစ်အတွင်း ပြန်ကြားပေးရမယ့်အချက်များနှင့် နောင်အစီရင်ခံစာတင်သွင်း ရာတွင် ပြန်ကြားရမည့်အချက်များ ပါရှိပါကြောင်း၊ ဘေဂျင်းကြေငြာစာတမ်းအပေါ် အြေခခံရေးဆွဲထားသည့် UNCEDAW နှင့် စဥ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို အကောင် အထည်ဖေါ်ရာ လည်းရောက်တဲ့မဟာဗျူဟာ (၄) ရပ်၊ အဓိက လုပ်ငန်းနယ်ပယ် (၁၂) ရပ်နှင့် နှစ်အလိုက်လုပ်ငန်း စီမံချက်များပါဝင်တဲ့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို ရေးဆွဲပြီးဖြစ်၍ အကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့နိုင်ငံရဲ့ပြုပြင်ပြောင်းလဲတိုးတက်မှုများကိုနောင်လာမယ့် အစီရင်ခံစာတွင် ပြည့်စုံစွာဖေါ်ပြနိုင်ရေး ကဏ္ဍအလိုက်ဆွေးနွေး ဖေါ်ထုတ်ပေးကြရန်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Park Royal Hotel၌ ကျင်းပပြုလုပ်သည့် ကြိုတင်သတိပေးမှုစနစ်နှင့် စပ်လျဥ်း သည့် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်၍ ရပ်ရွာလူထု ရဲ့ သဘာဝဘေးအန္တရာယ် ရင်ဆိုင်တုန့်ပြန်နိုင်စွမ်း မြင့်မားလာစေဖို့ End to End Early Warning စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့်ပူးပေါင်း ၍၂၀၁၃ ခုနှစ်မှစ၍ အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းကဆောင်ရွက် ပေးခဲ့တဲ့သတင်းအချက်အလက် ဖြန့်ဖြူးမှု လေ့ကျင့်ခန်းနဲ့ရပ်ရွာအခြေပြုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများဟာ လက်တွေ့တွင် ပြည်သူအတွက်အကျိုးရှိတဲ့ ကြို တင်ပြင်ဆင်မှုလုပ်ငန်းများဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးစနစ်နဲ့ သတင်းအချက်အလက်နည်းပညာ အားကောင်းလာခြင်းအပေါ် အကျိုးရှိထိရောက်စွာ အသုံးချရမှာဖြစ်ကြောင်း၊ ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်တဲ့ လူ့အသိုက်အဝန်းတစ်ခုပေါ်ထွက်စေနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
Source: MSWRR