
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ International Rescue Committee နှင့် Khon Khen University, Thailand တို့အကြား နည်းပညာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဝဏ်လွှာ Letter of Intent (LOI) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို (၂၃-၁-၂၀၁၇) ရက်နေ့ (၁ဝး၃၀) အချိန်တွင် EOC အဆောက်အအုံအသစ် အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ၊ International Rescue Committee နှင့် Khon Khen University, Thailand တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။