ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင် ၊ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာအုပ်စု၊ မြို့ရိုးကျေးရွာတွင် မီးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာအုပ်စု၊ မြို့ရိုးကျေးရွာတွင်ဖြစ်ပွားသော မီးဘေးသင့်အိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၃,၆၀၀) ကျပ်၊ စုစုပေါင်း (၁၀၃,၆၀၀) ကျပ်အား (၂၄-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events