ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းပြောကြားမှုသတင်း

24 Pic 03

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များနှင့် လူစည်ကားသည့် နေရာများ၌ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာ နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ်၊ အရေးကြီး ဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application နှင့် DAN Mobile Application Sticker များအား ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events