Category Archives: News
-
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပိုးလောင်းကျေးရွာတွင် DAN Mobile Application နှင့် သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၇) ရက်နေ့တွင် မြောင်းမြမြို့၊ ပိုးလောင်းကျေးရွာအုပ်စု ပိုလောင်းကျေးရွာတွင် သဘာဝဘေးလျော့ပါး ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်များဝေဌခြင်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ပိုစတာများပေးအပ်ခြင်း၊ DAN Mobile Application ထည့်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ပိုလောင်းကျေးရွာပြည်သူ စုစုပေါင်း (၉၄) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဆွေနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၅-၁-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်း စာစောင်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဖုန်အင်ယန်ကျေးရွာ၊ ဆလန်ယန် ကျေးရွာနှင့် အင်ဒွပ်ယန်ကျေးရွာများသည် ယခင်က တိုက်ပွဲရှောင်စခန်းများ ဖြစ်ခဲ့ပြီး ယခုအခါ ဆောင်းရာသီ၏ လွန်ကဲသည့် အအေးဒဏ်ကို တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ပိုမို ခံစားရသဖြင့် လတ်တလော စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ အကူအညီတောင်းခံလာမှုအပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေသနေပြည်သူများအတွက် နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံတို့မှ ပေးပို့သော စားနပ်ရိက္ခာနှင့် ဆောင်းတွင်းအဆောင်များဖြစ်သော ဆီ (၃၅၀ ml) ၊ (၁၈၁) ဖာ၊ … Read more
-
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နှင့် မိုင်းနားဖွံ့ဖြိုးရေးခြံစခန်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နှင့် မိုင်းနားဖွံ့ဖြိုးရေးခြံစခန်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စုများအား စိစစ်ကြည့်ရှုရန်နှင့် ထောက်ပံမှုဆောင်ရွက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့်အတူ ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် UN, INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများလိုက်ပါလျက် (၂၄-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ခဲ့ကြရာ ယင်းနေ့တွင်ပင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဆဒုံးမြို့ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၁၅) စု၊ လူဦးရေ (၅၇၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၁၅) … Read more
-
သထုံမြို့နယ်၊ ကျုံပါကျေးရွာတွင် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြို့နယ်၊ ကျုံပါကျေးရွာ၌ (၂၄-၁-၂၀၁၇ ) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးသင့်အိမ် (၁) လုံး၊ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ Family Kit (၂၀) မျိုးပါ တစ်အိတ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၅၆၃၀၀) ကျပ်တို့အား (၂၅-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မင်းပြားမြို့နယ်၊ နဂရာ (ရခိုင်) ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၇) ရက်နေ့၌ မင်းပြားမြို့နယ် နဂရာ (ရခိုင်) ကျေးရွာတွင် ဖြစ်ပွားသော မီးဘေးသင့် အိမ်ခြေ (၂) လုံးမှ အိမ်ထောင်စု (၂) စု လူဦးရေ စုစုပေါင်း (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ၊ ဆန်ရိက္ခာ (၃) ရက်စာဖိုး (၅၄၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်တို့အား(၂၅-၁-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ အလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ အလယ်တန်းကျောင်းတွင် သဘာဝဘေးလျော့ပါး ရေးအသိပညာပေးဟောပြောပွဲကို (၂၄-၁-၂၀၁၇) ရက်နေ့၌ ကျင်းပခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပိဿလိမ်းကျေးရွာတွင် DAN Mobile Application နှင့် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီး မှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပိဿလိမ်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့်သတင်းများ မိုးလေဝသ သတင်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ ပညာပေးကဏ္ဍလက်ကမ်းစာစောင်များပါဝင်သည့် DAN Mobile application အကြောင်းရှင်းလင်း ပြောကြား၍ လက်ကမ်းစာစောင်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အင်အား (၁၂၅) ဦးခန့် တက်ရောက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင် ဦးစီးမှူးရုံး (ကဆရ)
-
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၂၃-၁-၂၀၁၇) ရက်နေ့၊ ညနေ (၅:၃၀) အချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ် (၁) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း ( ၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းကျပ်၊ ဘေးသင့်လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၆၃၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း … Read more
-
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအား (၂၄-၁-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦးခန့်တက်ရောက် လျက်ရှိပါသည်။ သင်တန်းမှာ (၂၄-၁-၂၀၁၇) ရက်နေ့မှ (၂၆-၁-၂၀၁၇) ရက်နေ့ထိ (၃) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









