လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီး မှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပိဿလိမ်းကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့်သတင်းများ မိုးလေဝသ သတင်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ ပညာပေးကဏ္ဍလက်ကမ်းစာစောင်များပါဝင်သည့် DAN Mobile application အကြောင်းရှင်းလင်း ပြောကြား၍ လက်ကမ်းစာစောင်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အင်အား (၁၂၅) ဦးခန့် တက်ရောက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင် ဦးစီးမှူးရုံး (ကဆရ)