ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နှင့် မိုင်းနားဖွံ့ဖြိုးရေးခြံစခန်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း

25_pic01 25_pic02
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နှင့် မိုင်းနားဖွံ့ဖြိုးရေးခြံစခန်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စုများအား စိစစ်ကြည့်ရှုရန်နှင့် ထောက်ပံမှုဆောင်ရွက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့်အတူ ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် UN, INGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူများလိုက်ပါလျက် (၂၄-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ခဲ့ကြရာ ယင်းနေ့တွင်ပင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဆဒုံးမြို့ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၁၅) စု၊ လူဦးရေ (၅၇၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၁၅) အိမ်ထောင်စာ၊ ဆန်ရိက္ခာ (၃) ရက်စာ (၅၁၄၈၀၀) ကိုလည်းကောင်း၊ မိုင်းနားဖွံ့ဖြိုးရေးခြံစခန်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၂၆) စု၊ လူဦးရေ (၁၀၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၆) အိမ်ထောင်စာ၊ ဆန်ရိက္ခာ (၃) ရက်စာဖိုး (၉၂၇၀၀) ကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events