မင်းပြားမြို့နယ်၊ နဂရာ (ရခိုင်) ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၇) ရက်နေ့၌ မင်းပြားမြို့နယ် နဂရာ (ရခိုင်) ကျေးရွာတွင် ဖြစ်ပွားသော မီးဘေးသင့် အိမ်ခြေ (၂) လုံးမှ အိမ်ထောင်စု (၂) စု လူဦးရေ စုစုပေါင်း (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ၊ ဆန်ရိက္ခာ (၃) ရက်စာဖိုး (၅၄၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်တို့အား(၂၅-၁-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events