လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအား (၂၄-၁-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦးခန့်တက်ရောက် လျက်ရှိပါသည်။ သင်တန်းမှာ (၂၄-၁-၂၀၁၇) ရက်နေ့မှ (၂၆-၁-၂၀၁၇) ရက်နေ့ထိ (၃) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)