ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပိုးလောင်းကျေးရွာတွင် DAN Mobile Application နှင့် သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောပွဲကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၇) ရက်နေ့တွင် မြောင်းမြမြို့၊ ပိုးလောင်းကျေးရွာအုပ်စု ပိုလောင်းကျေးရွာတွင် သဘာဝဘေးလျော့ပါး ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်များဝေဌခြင်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ပိုစတာများပေးအပ်ခြင်း၊ DAN Mobile Application ထည့်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ပိုလောင်းကျေးရွာပြည်သူ စုစုပေါင်း (၉၄) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events