ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဖုန်အင်ယန်ကျေးရွာ၊ ဆလန်ယန် ကျေးရွာနှင့် အင်ဒွပ်ယန်ကျေးရွာများသည် ယခင်က တိုက်ပွဲရှောင်စခန်းများ ဖြစ်ခဲ့ပြီး ယခုအခါ ဆောင်းရာသီ၏ လွန်ကဲသည့် အအေးဒဏ်ကို တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ပိုမို ခံစားရသဖြင့် လတ်တလော စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ အကူအညီတောင်းခံလာမှုအပေါ် ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေသနေပြည်သူများအတွက် နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံတို့မှ ပေးပို့သော စားနပ်ရိက္ခာနှင့် ဆောင်းတွင်းအဆောင်များဖြစ်သော ဆီ (၃၅၀ ml) ၊ (၁၈၁) ဖာ၊ SAVERA စောင် (၁၈၁) ထည်၊ ရေသန့်ဆေးပြား (၄၄၆၀၀) ထုပ်၊ ဖလန်နယ်လက်ရှည် (၄၁၀) ထည်နှင့် Fed Well Soup အာဟာရမှုန့် (၁.၅kg) (၈) ဖာ၊ (၄) ထုပ်တို့အား (၂၃-၁-၂၀၁၇) ရက်နေ့တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:       ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events