Category Archives: News
-
လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာ၊ မူလတန်းလွန်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် Actionaid Myanmar နှင့်ပူးပေါင်း၍ (၁-၂-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာ၊ မူလတန်းလွန်ကျောင်း၌ ကျေးရွာနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများ စုစုပေါင်း (၁၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လပွတ္တာမြို့ အမှတ် (၁၀) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်းခွဲတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လပွတ္တာမြို့ စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ (၁-၂-၂၀၁၇) ရက်နေ့တွင် အမှတ် (၁၀) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်းခွဲတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။ အမှတ် (၁၀) အခြေခံပညာမူလတန်းလွန်ကျောင်း ဟောပြောပွဲ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၄၉) ဦး တက်ရောက်ပြီး အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်း ခွဲဟောပြောပွဲ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၉၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျိုက်မရောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေခန်းမ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုနှင့် DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေပေးမှုသတင်း
မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၇) ရက်နေ့၊ (၁ဝး၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေခန်းမ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း (၉၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မြိတ်ခရိုင်၊ တနင်္သာရီခရိုင်မြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုကျေးရွာတွင် (၂၃-၁-၂၀၁၇)ရက်နေ့ကဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၅၀,၀၀၀)ကျပ်နှင့် ဆန် (၃)ရက်စာ (၂,၇၀၀)ကျပ်အား (၃၁-၁-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မကွေးမြို့နယ်၊ ညောင်ကန်ကျေးရွာအုပ်စု၊ လိပ်ကန်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်းနှင့် DAN Application အသုံးပြုမှုများအား ရှင်းလင်းပြသပေးခြင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၇)ရက်နေ့တွင် မကွေးမြို့နယ်၊ ညောင်ကန်ကျေးရွာအုပ်စု၊ လိပ်ကန်ကျေးရွာတွင် သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application အသုံးပြုမှုများအား ရှင်းလင်းပြသဆွေးနွေးပေးခဲ့ရာ ကျေးရွာလူထု အင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မိုင်းဖြတ်မြို့ပေါ်ရှိ ဖုန်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံနှင့် Sticker များ ဖြန့်ဝေပေးမှုသတင်း
မိုင်းဖြတ်ခရိုင််ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်မြို့ပေါ်ရှိ ဖုန်းဆိုင်များ၌ DAN Mobile Application အသုံးပြုပုံနည်းလမ်းများနှင့် Sticker များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ တိုးလျားကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၂၇-၁-၂၀၁၇) ရက်နေ့၊ (၁၈:၅၀) နာရီအချိန်တွင် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ တိုးလျားကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁) လုံးမီးလောင်ကျွမ်းခဲ့ပြီး အဆိုပါအိမ်ခြေရှိ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် မီေးဘးသင့်ခဲ့ပါသည်။ မီးဘေးသင့်ပြည်သူများအတွက် ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပစွည်း(၁၉)မျိုးပါ Family Kit (၁) ထုပ်၊ အိမ်ဆောက်ပစွည်းဖိုး (၁) သိန်းကျပ်နှင့် ဆန်ရိက္ခာ(၃)ရက်စာဖိုးငွေ (၄၅ဝဝ) ကျပ်တို့ကို (၃၁-၁-၂၀၁၇) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
မန္တလေးကျုံးအနီးအပန်းဖြေသူများကို သဘာဝဘေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၃၀-၁-၂၀၁၇) ရက်ညပိုင်းတွင် မန္တလေးကျုံးအနီးအပန်းဖြေ သူများကို သဘာဝဘေး လက်ကမ်းစာစောင်များဝေငှခြင်း၊သဘာဝဘေးနှင့်ပတ်သက်သော ဇာတ်တိုက်လှုပ်ရှားမှု ဗွီဒီယိုများပြသခြင်း၊ DAN နှင့် KOBO application များအသုံးပြုပုံ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လစဉ်အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက်ဆောင်ရွက်ချက်များ၊ KOBO Mobile Applicaton နှင့် DAN Mobile Appplication အသုံးပြုပုံများအား ဆွေးနွေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လစဉ်အစည်းအဝေးတွင် သဘာဝ ဘေးနှင့် စပ်လျဉ်းသည့်ပုံမှန်သတင်း၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာ နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင့်သည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Messageပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်နှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ ထည့်သွင်းထားသော KOBO Mobile Applicaton နှင့်DAN Mobile Appplication အသုံး ပြုပုံများအား ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများ လူဦးရေစုစုပေါင်း (၁၁၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။Source: သထုံခရိုင်ဦးစီးမှူးရုံး … Read more
-
သရက်ချောင်းမြို့နယ် အိမ်ရှေ့ပြင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၈-၁-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ် အိမ်ရှေ့ပြင်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ရွာသူရွာသား စုစုပေါင်း လူဦးရေ (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









