ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုကျေးရွာတွင် (၂၃-၁-၂၀၁၇)ရက်နေ့ကဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၅၀,၀၀၀)ကျပ်နှင့် ဆန် (၃)ရက်စာ (၂,၇၀၀)ကျပ်အား (၃၁-၁-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။