သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လစဉ်အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက်ဆောင်ရွက်ချက်များ၊ KOBO Mobile Applicaton နှင့် DAN Mobile Appplication အသုံးပြုပုံများအား ဆွေးနွေးဟောပြောမှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လစဉ်အစည်းအဝေးတွင် သဘာဝ ဘေးနှင့် စပ်လျဉ်းသည့်ပုံမှန်သတင်း၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာ နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင့်သည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Messageပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်နှင့်   သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ ထည့်သွင်းထားသော KOBO Mobile Applicaton နှင့်DAN Mobile Appplication အသုံး ပြုပုံများအား ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများ လူဦးရေစုစုပေါင်း (၁၁၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events