(၂၇-၁-၂၀၁၇) ရက်နေ့၊ (၁၈:၅၀) နာရီအချိန်တွင် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ တိုးလျားကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁) လုံးမီးလောင်ကျွမ်းခဲ့ပြီး အဆိုပါအိမ်ခြေရှိ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် မီေးဘးသင့်ခဲ့ပါသည်။ မီးဘေးသင့်ပြည်သူများအတွက် ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပစွည်း(၁၉)မျိုးပါ Family Kit (၁) ထုပ်၊ အိမ်ဆောက်ပစွည်းဖိုး (၁) သိန်းကျပ်နှင့် ဆန်ရိက္ခာ(၃)ရက်စာဖိုးငွေ (၄၅ဝဝ) ကျပ်တို့ကို (၃၁-၁-၂၀၁၇) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်အကြီးတန်းစာရေးဦးတာရယ်ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)