လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လပွတ္တာမြို့ စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ (၁-၂-၂၀၁၇) ရက်နေ့တွင် အမှတ် (၁၀) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်းခွဲတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။ အမှတ် (၁၀) အခြေခံပညာမူလတန်းလွန်ကျောင်း ဟောပြောပွဲ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၄၉) ဦး တက်ရောက်ပြီး အမှတ် (၉) အခြေခံပညာအလယ်တန်းကျောင်း ခွဲဟောပြောပွဲ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၉၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)