Category Archives: News
-
“ရပ်ရွာဘေးဒဏ်ခံနိုင်ရည်စွမ်း တည်ဆောက်ခြင်းဆိုင်ရာ လေ့လာဖလှယ်ခြင်း (Community Resilience Peer to Peer Learning)” အလုပ်ရုံဆွေးနွေးပွဲ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် “ရပ်ရွာဘေးဒဏ်ခံနိုင်ရည်စွမ်း တည်ဆောက်ခြင်းဆိုင်ရာ လေ့လာဖလှယ်ခြင်း (Community Resilience Peer to Peer Learning)” အလုပ်ရုံဆွေးနွေးပွဲကို (၁၃-၂-၂၀၁၇) ရက်နေ့၊ (၀၉းဝ၀) နာရီမှ (၁ရးဝ၀) နာရီအချိန်တွင် International business Centre (IBC)၊ ပြည်လမ်း၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ Plan International Oxfam နှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ရပ်ရွာလူထု ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ခြင်း၊ အပြန်အလှန်လေ့လာဖလှယ်ခြင်း (Resilience … Read more
-
စစ်တွေမြို့နယ်၊ ကျောက်တန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
(၁၂-၂-၂၀၁၇) ရက်နေ့၊ (၁၃:ဝ၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ ကျောက်တန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ဒေသခံပြည်သူ (၁၃၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
(၁၂-၂-၂၀၁၇) ရက်နေ့၊ (၁၁:ဝ၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ဒေသခံပြည်သူ (၁၂၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ဝါးတန်းရပ် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပြီးစီးမှု
(၉-၂-၂၀၁၇)ရက်နေ့ (၂၂:၄၅) နာရီအချိန်တွင် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ဝါးတန်းရပ်တွင် ဖြစ်ပွားသည့် မီးဘေးသင့်အိမ်ခြေ (၁၃)လုံး အနက်မှ တိုက်အိမ် (၈)လုံးအတွက် အိမ် (၁)လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀/-)ကျပ်နှုန်းဖြင့် ငွေ (၁,၆၀၀,၀၀၀/-)ကျပ်၊ ဓနိမိုး ထရံကာ အိမ် (၅)လုံးအတွက် အိမ်(၁)လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-)ကျပ်နှုန်းဖြင့် ငွေ (၂၅၀,၀၀၀/-)ကျပ်၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၈၅၀,၀၀၀/-)ကျပ်နှင့် ဖြိုဖျက်အိမ်(၂၆)လုံးအတွက် အိမ် (၁)လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀,၀၀၀/-)ကျပ်နှုန်းဖြင့် ငွေ (၅၂၀,၀၀၀/-)ကျပ်နှင့် မီးဘေးသင့် အိမ်ထောင်စု (၁၄)စုအတွက် … Read more
-
ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) အသစ်ဆောက်လုပ်ခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံအား ကြည့်ရှုစစ်ဆေးမှုသတင်း
(၁၀-၂-၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) အသစ်ဆောက်လုပ်ခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ ထန်းနှစ်ပင်ကျေးရွာ အခြေခံပညာမူလတန်း ကျောင်း၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၁၇) ရက်နေ့၊ (၁၃:ဝ၀) အချိန်တွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ ထန်းနှစ်ပင် ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ (၅၂) ဦး၊ ဆရာ/ဆရာမ (၇) ဦး၊ ကျေးရွာနေပြည်သူ (၄၅) ဦး၊ စုစုပေါင်း (၁၀၄) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၁၇) ရက်နေ့၊ နံနက် (၀၉:ဝ၀) အချိန်တွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာ၌ ကျေးရွာနေပြည်သူ (၁၈၀) ဦးတို့အား သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ DAN Mobile Application အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကြို့ရပ်သာကျေးရွာအုပ်စု၊ ကံကြီးကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၉-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကြို့ရပ်သာကျေးရွာအုပ်စု၊ ကံကြီးကုန်းကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ် (၃) လုံးမှ လူဦးရေ (၁၁) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၉၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၂၀၉၉၀၀) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ Family Kits များအား (၁၀-၂-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး … Read more
-
ကလေးသူငယ်တိုင်း ကလေးသူငယ်အခွင့်အရေးရရှိရေး ဆောင်ရွက်ပေးရန်လိုအပ်နေမှုသတင်း
Source: MSWRR လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် စောင့်ရှောက်မှုလိုအပ်သော ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ မူယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိရာ အဆိုပါလုပ် ငန်းများထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက်မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရောက်ရှိနေ သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများနှင့် အတူ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်သည့်သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၂-၂၀၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့် ပူးပေါင်းကာ သထုံမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၄၆)ဦးအား သဘာဝဘေးရှောင်ရန်ဆောင်ရန် အသိပညာများဟောပြောခြင်း၊ သဘာဝ ဘေးပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ဘေးမျိုးစုံပါ ပိုစတာများဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။









