(၉-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကြို့ရပ်သာကျေးရွာအုပ်စု၊ ကံကြီးကုန်းကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ် (၃) လုံးမှ လူဦးရေ (၁၁) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၉၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၂၀၉၉၀၀) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ Family Kits များအား (၁၀-၂-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)