
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် “ရပ်ရွာဘေးဒဏ်ခံနိုင်ရည်စွမ်း တည်ဆောက်ခြင်းဆိုင်ရာ လေ့လာဖလှယ်ခြင်း (Community Resilience Peer to Peer Learning)” အလုပ်ရုံဆွေးနွေးပွဲကို (၁၃-၂-၂၀၁၇) ရက်နေ့၊ (၀၉းဝ၀) နာရီမှ (၁ရးဝ၀) နာရီအချိန်တွင် International business Centre (IBC)၊ ပြည်လမ်း၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ Plan International Oxfam နှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ရပ်ရွာလူထု ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ခြင်း၊ အပြန်အလှန်လေ့လာဖလှယ်ခြင်း (Resilience Peer to Peer Learning) ဆွေးနွေးမှုများကို (၁၃-၂-၂၀၁၇) ရက်နေ့မှ (၁၄-၂-၂၀၁၇) ရက်နေ့ထိ (၂) ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။