Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၇) ရက်နေ့တွင် မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာအုပ်စု၊ လမ်းမတော်ကျေးရွာဘုန်းကြီးကျောင်းတွင် သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များဟောပြောခဲ့ခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နံရံကပ်ပိုစတာများ ပေးအပ်ခြင်း၊ အအေးဘူးများဝေငှပေးခြင်းနှင့် မီးသတ်ဦးစီးဌာနမှလည်း မီးဘေးအန္တရာယ်အကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦး ခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သရွတ်ကြီးကျေးရွာအုပ်စု၊ သရွတ်ကြီးကျေးရွာ ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြောင်းမြခရိုင် အိမ်မဲဲမြို့နယ်၊ သရွတ်ကြီးကျေးရွာအုပ်စု သရွတ်ကြီးကျေးရွာတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲအား (၂၀-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူလူထုု (၁၅၀) ဦးတက်ရောက် ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် ကျေးရွာနေ ပြည်သူများ အား ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဘေး (၈) မျိုး အကြောင်း ဟောပြောခြင်း၊ လက်ကမ်းစာစောင်ေ ဝဌခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပိုစတာများ ပေးအပ်ခြင်း၊ DAN mobile application အကြောင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ ညောင်ချောင်း (စံပြ) ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ ညောင်ချောင်း (စံပြ) ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၀-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၁၉၄) ဦးတက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် သဘာဝဘေးစီမံခန့်ခွဲမှု၊ ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် DAN Application ဖြန့်ဝေခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့နယ်၊အိုးလုတ်ရပ်ကွက်၊ ဥဿရံတိုးချဲ့ကွက်သစ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီဌာန မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂ -၂၀၁၇)ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ တိမ်ညိုစံပြကျေးရွာရှိ မိုဘိုင်းဖုန်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ DAN Mobile Application Sticker များအား လိုက်လံကပ်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
DAN Mobile Application အသုံးပြုပုံ၊ အသုံးပြုနည်းများအားရှင်းလင်းပြောကြားခြင်းသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိ သူများသည် (၁၉-၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာရှိ ဖုန်းအရောင်းဆိုင်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များအား ပြည်သူများသိရှိ နိုင်စေရန် DAN Mobile Application Software ဖြန့်ဝေပေးခြင်း၊ ထည့်သွင်းအသုံးပြုနိုင်ရေး တိုက်တွန်းခြင်း၊ အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်း၊ DAN Mobile Application Software စတစ်ကာများ ကပ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်၊၊ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၇) ရက်နေ့တွင် သထုံမြို့နယ်၊ နန်းခဲရပ်ကွက်တွင် ဖြစ်ပွားသောမီးဘေးကြောင့် နေအိမ် (၃) လုံး၊ လူဦးရေ (၁၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၃) အိမ်ထောင်စာ၊ Family Kit (၂၀) မျိုးပါ (၃) အိတ်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၆၁၀,၈၀၀) ကျပ်တို့အား (၁၈-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကျီးကန်းဒေါင့်ကျေးရွာ၌ (၃၀-၅-၂၀၁၄) ရက်နေ့တွင် လောင်ကျွမ်းခဲ့သောမီးဘေးကြောင့် လက်ရှိအချိန်ထိ နေအိမ်ပြန်လည်မဆောက်နိုင်သေးသော အိမ်ထောင်စု (၄) စုအတွက် အိမ်ထောင်စု (၁) စုလျှင် (၁၀၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း (၄၀၀,၀၀၀) ကျပ်တို့အား (၁၇-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၇) ရက်နေ့၌ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာအုပ်စု၊ ပေါက်တောပြင်ဘုန်းကြီးကျောင်းတွင် (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များဟောပြောခဲ့ပြီး မီးသတ်ဦးစီးဌာနမှလည်း မီးဘေးအန္တရာယ်များအကြောင်း ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၆၅) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)









