ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့နယ်၊အိုးလုတ်ရပ်ကွက်၊ ဥဿရံတိုးချဲ့ကွက်သစ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံး(ကဆရ)