သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

21 Pic 02 21 Pic 03ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၇) ရက်နေ့တွင် မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာအုပ်စု၊ လမ်းမတော်ကျေးရွာဘုန်းကြီးကျောင်းတွင် သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များဟောပြောခဲ့ခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နံရံကပ်ပိုစတာများ ပေးအပ်ခြင်း၊ အအေးဘူးများဝေငှပေးခြင်းနှင့် မီးသတ်ဦးစီးဌာနမှလည်း မီးဘေးအန္တရာယ်အကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦး ခန့်ရှိကြောင်း သတင်းရရှိပါသည်။

Source:            မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events