ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၇) ရက်နေ့တွင် သထုံမြို့နယ်၊ နန်းခဲရပ်ကွက်တွင် ဖြစ်ပွားသောမီးဘေးကြောင့် နေအိမ် (၃) လုံး၊ လူဦးရေ (၁၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၃) အိမ်ထောင်စာ၊ Family Kit (၂၀) မျိုးပါ (၃) အိတ်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၆၁၀,၈၀၀) ကျပ်တို့အား (၁၈-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)