ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၇) ရက်နေ့၌ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာအုပ်စု၊ ပေါက်တောပြင်ဘုန်းကြီးကျောင်းတွင် (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များဟောပြောခဲ့ပြီး မီးသတ်ဦးစီးဌာနမှလည်း မီးဘေးအန္တရာယ်များအကြောင်း ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၆၅) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)