Category Archives: News
-
လှိုင်သာယာမြို့နယ်၊ ဒိုင်းစုကျေးရွာနှင့် ရေအုတ်ကန်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း
(၂၈-၂-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်၊ ဒိုင်းစုကျေးရွာနှင့် ရေအုတ်ကန်ကျေးရွာတို့တွင် မီးဘေးသင့် အိမ်ခြေ (၇၅) လုံး၊ အိမ်ထောင်စု (၇၅) စုတို့မှ လူဦးရေ (၁၈၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်၊ ဆီ၊ ဂျုံ၊ ရေသန့်၊ HUAWEI Kit တို့ ထောက်ပံ့ပေးခဲ့ပြီး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/-) ကျပ်နှင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၃၀၀,၀၀၀/-) ကျပ်အား … Read more
-
မကွေးမြို့နယ်၊ ညောင်ကန်ကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ညောင်ကန်ကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော သဘာဝဘေးနှင့်စပ်လျဉ်းသည့်သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသ သတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ် အရေးကြီးဖုန်းနံပါတ်နှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ ထည့်သွင်းထားသော Dan Mobile … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈–၂-၂၀၁၇) ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းအုပ်စု၊ ရှားတောကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ကဆရ)
-
ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်တွင် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်နေမှုသတင်း
ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၌ (၂၆-၂-၂၀၁၇) ရက်နေ့တွင် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား (World Vision) မြန်မာ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ ကြက်ခြေနီ၊ မီးသတ်နှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများအပါအဝင် စုစုပေါင်း လူဦးရေ (၄၀၀) ဦးခန့်ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လောင်းလုံမြို့နယ်၊ ကထောင်းနီကျေးရွာ၌ မီးဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်မှု သတင်း
(၂၈-၂-၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံမြို့နယ်၊ ကထောင်းနီကျေးရွာ၌ မီးဘေးသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းကို World Vision Myanmar ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီနှင့် ရပ်ရွာအင်အားစု၊ စုစုပေါင်း (၄၀၀) ဦးပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်းသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိ သူများသည် (၂၈-၂-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ လေပြင်းဘေးနှင့် ပက်သက်ပြီးပြည်သူသို့ ပန်ကြားချက်ဖြန့်ဝေခြင်း၊ Disaster Management Law စာအုပ်များဖြန့် ဝေခြင်း၊ DAN Mobile Application Software များရှင်းလင်း ဖြန့်ဝေခြင်းနှင့် DAN Mobile Application Software စတစ်ကာများကပ်ခြင်းတို့ ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေစုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး … Read more
-
မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးစီမံချက် (၂၀၁၆) ၏ 2nd Technical Working Group Meeting ပြုလုပ်မှုသတင်း
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဦးစီးဦးဆောင်၍ Grand Amara Hotel ၌ 2nd Technical Working Group Meeting အား (၂၈-၂-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝ၀) နာရီမှ (၁၇းဝ၀) နာရီထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုအစည်းအဝေးပွဲသည် မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးစီမံချက် (Myanmar Action Plan on Disaster Risk Reduction – MAPDRR) ကို ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ MAPDRR (၂၀၁၆) အသစ်ပြန်လည်ရေးဆွဲနိုင်ရေးအတွက် … Read more
-
“လူမှုပေါင်းစည်းမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်း” ဖွင့်လှစ်မှုသတင်း
နေပြည်တော်၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ လူမှုရေးဝန်ဆောင်မှုများပေးရာတွင် ဖြစ်ရပ်အကြောင်းအရာ အမျိုးမျိုးကွဲပြားသလို ပြဿနာပဋိပက္ခများ၏ အတိမ်အနက်အလိုက် အကူအညီဖော်ဆောင်ပေးရန် အရေးကြီးပါကြောင်း၊ အစိုးရက ဖော်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် ပြည်သူအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတွင် လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှု (Social Cohesion) မတူကွဲပြားမှုများထဲက တူညီသော အချက်များကို စုပြီးညီညွတ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များ တိုးတက်ပွားများလာပြီး ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံသားများ၏လုံခြုံရေး၊ လူမှု ဝန်ဆောင်မှုများ စသည်တို့ကို … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှမ်းကွင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှမ်းကွင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား (၂၇-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူပြည်သူ (၁၅၀) ဦးတက်ရောက်ခဲ့ပါသည်။ ထို့ပြင် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေး စသည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဖရူဆိုမြို့နယ်၊ ရာဧပရားကျေးရွာအုပ်စု၊ ခေါဘာကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ရာဧပရားကျေးရွာအုပ်စု၊ ခေါဘာကျေးရွာ၌ (၂၃-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာဖိုးငွေ (၂၇၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်နှင့် (၁၉) မျိုးပါ Family Kit (၁) ထုပ်တို့ကို ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ (၂၇- ၂-၂၀၁၇) ရက်နေ့တွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more









