မကွေးမြို့နယ်၊ ညောင်ကန်ကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ညောင်ကန်ကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော သဘာဝဘေးနှင့်စပ်လျဉ်းသည့်သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသ သတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ် အရေးကြီးဖုန်းနံပါတ်နှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ ထည့်သွင်းထားသော Dan Mobile Application အသုံးပြုပုံများအား ရှင်းလင်း ပြောကြားခဲ့ပြီး ကျေးရွာသူ/ ကျေးရွာသားများ၏ Mobile Phone များ၌ Dan Application အားထည့်သွင်းပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာသူ/ ကျေးရွာသား စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events