ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိ သူများသည် (၂၈-၂-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ လေပြင်းဘေးနှင့် ပက်သက်ပြီးပြည်သူသို့ ပန်ကြားချက်ဖြန့်ဝေခြင်း၊ Disaster Management Law စာအုပ်များဖြန့် ဝေခြင်း၊ DAN Mobile Application Software များရှင်းလင်း ဖြန့်ဝေခြင်းနှင့် DAN Mobile Application Software စတစ်ကာများကပ်ခြင်းတို့ ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေစုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)