(၂၈-၂-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်၊ ဒိုင်းစုကျေးရွာနှင့် ရေအုတ်ကန်ကျေးရွာတို့တွင် မီးဘေးသင့် အိမ်ခြေ (၇၅) လုံး၊ အိမ်ထောင်စု (၇၅) စုတို့မှ လူဦးရေ (၁၈၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်၊ ဆီ၊ ဂျုံ၊ ရေသန့်၊ HUAWEI Kit တို့ ထောက်ပံ့ပေးခဲ့ပြီး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/-) ကျပ်နှင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၃၀၀,၀၀၀/-) ကျပ်အား မီးဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)