အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဦးစီးဦးဆောင်၍ Grand Amara Hotel ၌ 2nd Technical Working Group Meeting အား (၂၈-၂-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝ၀) နာရီမှ (၁၇းဝ၀) နာရီထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုအစည်းအဝေးပွဲသည် မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးစီမံချက် (Myanmar Action Plan on Disaster Risk Reduction – MAPDRR) ကို ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ MAPDRR (၂၀၁၆) အသစ်ပြန်လည်ရေးဆွဲနိုင်ရေးအတွက် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနှင့် စီမံခန့်ခွဲနိုင်ရေးအတွက် ကွပ်ကဲအုပ်ချုပ်မှု ခိုင်မာအားကောင်းစေခြင်း စသည့် ရည်ရွည်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။