Category Archives: News
-
ယန်းကျိန်ကျေးရွာ၌ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ယန်းကျိန်ကျေးရွာအုပ်စု၊ ယန်းကျိန်ကျေးရွာ၌ (၈-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၉၀၀) စုစုပေါင်း (၁၀၀,၉၀၀) ကျပ်တို့အား (၈-၃-၂၀၁၇) ရက်နေ့တွင် အချိန်နှင့်တပြေးညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သေဆုံးထောက်ပံ့ပေးမှုသတင်း
Source; ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) (၇-၃-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဗန်းမော်မြို့၊ သီရိရပ်ကွက်၌ မြေပြိုသေဆုံးသူ (၁) ဦးနှင့် မံစီမြို့နယ်၊ တောင်းလိန်ကျေးရွာ တွင် မိုင်းထိသေဆုံးသူ (၂) ဦး၊ စုစုပေါင်း သေဆုံးသူ (၃) ဦးအတွက် တစ်ဦးလျှင် (၁) သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း (၃၀၀၀၀၀) ကျပ်အား ကျန်ရစ်သူ မိသားစုများထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
-
ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေးသင်တန်းသို့ တက်ရောက်လာသည့် ကယားပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဆွေးနွေးဟောပြောမှုသတင်း
(၁-၃-၂၀၁၇) ရက်နေ့မှ (၆-၃-၂၀၁၇) ရက်နေ့ထိ AVSI မှ ဖွင့်လှစ်သည့် ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေးသင်တန်းသို့ တက်ရောက်လာသည့် ကယားပြည်နယ်အတွင်းရှိ ဆရာ/ဆရာမ (၃၉) ဦးအား ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးက (၆-၃-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပညာဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ရွှေကူရပ်ကွက်၊ ရွှေဟင်္သာကျွန်းကျေးရွာတွင် (၇-၃-၂၀၁၇) ရက်နေ့က သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ရာ ကျေးရွာသူ/ကျေးရွာသား (၁၀၇) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
-
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် တွင်ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကုန်းပြင်အုပ်စု ၊ ကျီးပင်ရွာတွင် (၆-၃-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသော မီးဘေးသင့်အိမ်ထောင်စု (၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ လူဦးရေ (၅)ဦးအတွက် (၃)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၄၅၀၀)ကျပ် နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀)ကျပ် တို့ကို (၈-၃-၂၀၁၇) ရက်နေ့က အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ အမ်းမြို့ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ (ဆရာဖြစ်) သင်တန်း၌ သဘာဝဘေးလျော့ပါးရေးဆိုင်ရာအကြောင်းအရာများ ပို့ချခဲ့မှုသတင်း
(၆-၇-၂၀၁၇) ရက်နေ့တွင် အမ်းမြို့၊ ဓါတ်ပေါင်းစုဘုန်းကြီးကျောင်းဓမ္မာရုံ၌ “သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ (ဆရာဖြစ်) သင်တန်း” ကို မဂ္ဂင်လူမှုဖွံ့ဖြိုးမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ခဲ့ရာ မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၇-၃-၂၀၁၇) ရက်နေ့တွင် အဆိုပါသင်တန်း၌ သဘာဝဘေးလျော့ပါးရေးဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ပို့ချပေးခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၆-၃-၂၀၁၇) ရက်နေ့မှ (၉-၃-၂၀၁၇) ရက်နေ့ထိ (၃) ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး ကျေးရွာ (၂၈) ရွာမှ သင်တန်းတက်ရောက်သူ (၃၀) ဦးခန့်ရှိကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၁၇) ရက်နေ့တွင် မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲကျင်းပရာ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ မင်းဘူးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ (၃၀)ဦးနှင့် သင်တန်းသား (၃၀) ဦးတို့ဖြင့် သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပုဗ္ဗသီရိမြို့နယ်၊ ကုလားကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိ်ပညာပေးဟောပြောပွဲနှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၇-၃-၂၁၀၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ ကုလားကျေးရွာ၌ “သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိ်ပညာပေးဟောပြောပွဲနှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲ” ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ဒေသခံပြည်သူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၃-၃-၂၀၁၇) ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာ၌ မီးလောင်မှုကြောင့် နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး မီးဘေးသင့်ခဲ့ပြီး လူ (၁) ဦးသေဆုံးခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၃၆၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်၊ သေဆုံးသူတစ်ဦးအတွက် (၁) သိန်းကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် FamilyKits (၁) ပုံးတို့အား (၇-၃-၂၀၁၇) ရက်နေ့တွင် ပဲခူုးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) … Read more
-
ဒိုက်ဦးမြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ ဗမာကျွန်းကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၃-၃-၂၀၁၇) ရက်နေ့တွင် ဒိုက်ဦးမြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ ဗမာကျွန်းကုန်းကျေးရွာ၌ မီးလောင်မှုကြောင့် နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် FamilyKits (၁) ပုံးတို့အား (၆-၃-၂၀၁၇) ရက်နေ့တွင် ပဲခူုးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ဘေးသင့်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more









